ဥပဒေ ဗဟုသုတ ဉာဏ်စမ်းများ
ဥပဒေနှင့်ပတ်သက်သည်များကို ဗဟုသုတအဖြစ် သိရှိနိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်ပါသည်။
ဥပဒေ ဗဟုသုတ ဉာဏ်စမ်း ၁ မှ ၂၀ ထိ ပြုလုပ်ထားပါသည်။ သက်ဆိုင်ရာ ဥပဒေ ပုဒ်မများနှင့် စီရင်ထုံး အကိုးအကားများဖြင့် ပြန်လည်ရှင်းလင်း ဖော်ပြပေးထားပါသည်။
Quiz-summary
0 of 20 questions completed
Questions:
- 1
- 2
- 3
- 4
- 5
- 6
- 7
- 8
- 9
- 10
- 11
- 12
- 13
- 14
- 15
- 16
- 17
- 18
- 19
- 20
Information
Legal Knowledge Quiz
ဥပဒေနှင့်ပတ်သက်သည်များကို ဗဟုသုတအဖြစ် သိရှိနိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်ပါသည်။
You have already completed the quiz before. Hence you can not start it again.
Quiz is loading...
You must sign in or sign up to start the quiz.
You have to finish following quiz, to start this quiz:
Results
0 of 20 questions answered correctly
Your time:
Time has elapsed
You have reached 0 of 0 points, (0)
Average score |
|
Your score |
|
Categories
- Not categorized 0%
Pos. | Name | Entered on | Points | Result |
---|---|---|---|---|
Table is loading | ||||
No data available | ||||
- 1
- 2
- 3
- 4
- 5
- 6
- 7
- 8
- 9
- 10
- 11
- 12
- 13
- 14
- 15
- 16
- 17
- 18
- 19
- 20
- Answered
- Review
-
Question 1 of 20
1. Question
1 pointsမည်သူမျှ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေးထောက်ပံ့လျှင် လောင်းကစားဥပဒေအရ
Correct
လောင်းကစားဥပဒေ
ပုဒ်မ ၁၄။ မည်သူမျှ လောင်းကစားရန် ငွေချေးခြင်း သို့မဟုတ် ငွေကြေးထောက်ပံ့ခြင်း မပြုရ။ပုဒ်မ ၂၀။ မည်သူမဆို –
(က) ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် အကျုံးဝင်သောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
(ခ) ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံ းငါးနှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
Incorrect
ပြစ်မှုမြောက်သည်။

Question 2 of 20
2. Question
1 pointsမောင်ဖြူသည် ငွေပါသော အိတ်တစ်အိတ် မောင်မဲမှ ကျရစ်သည်ကို မြင်၏။ ထိုငွေအိတ်ကို မောင်မဲသို့ပြန်ပေးရန် ကြံရွယ်ချက်နှင့်ကောက်ယူ၏။ သို့ရာတွင် နောင်အခါ၌ မောင်မဲသို့ ပြန်မပေးဘဲ မောင်ဖြူသည် ထိုငွေကို မိမိအသုံးပြုမှုအတွက်သုံးစားလျှင် မောင်ဖြူသည်
Correct
ပစ္စည်းကို မရိုးမဖြောင့် သောသဘောဖြင့် အလွဲသုံးစားမှု။
ရာဇသတ်ကြီး ပုဒ်မ ၄၀၃ ။ ။ မည်သူမဆို၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့်အလွဲသုံးစားပြုလျှင်၊ သို့တည်း မဟုတ် မိမိ၏ပစ္စည်းအဖြစ်ပြောင်းလွှဲခြင်းပြုလျှင်၊ ထိုသူတို့ကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်။Incorrect
ပစ္စည်းကို မရိုးမဖြောင့် သောသဘောဖြင့် အလွဲသုံးစားမှု။
ရာဇသတ်ကြီး ပုဒ်မ ၄၀၃ ။ ။ မည်သူမဆို၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့်အလွဲသုံးစားပြုလျှင်၊ သို့တည်း မဟုတ် မိမိ၏ပစ္စည်းအဖြစ်ပြောင်းလွှဲခြင်းပြုလျှင်၊ ထိုသူတို့ကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်။ -
Question 3 of 20
3. Question
1 pointsအသက် ______နှစ်အောက် မိန်းကလေးတစ်ဦးကို ၎င်း၏ သဘောတူညီချက်အရပင် ခိုးယူစေကာမူ အုပ်ထိန်းသူက သဘောမတူလျှင် ထိုသူသည် လူခိုးမှုမြောက်သည်။
Correct
ရာဇသတ်ကြီး ပုဒ်မ ၃၆၁ ။ ။ မည်သူမဆို၊ ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ထိန်းသိမ်းခြင်းမှ အသက်ဆယ့်လေးနှစ်အောက် ယောင်္ကျားကလေးကိုဖြစ်စေ၊ အသက်ဆယ့်ရှစ်နှစ်အောက် မိန်းကလေးကိုဖြစ်စေ၊ စိတ်ပေါ့သွပ်သူကိုဖြစ်စေ ထိုအုပ်ထိန်းသူကသဘောမတူဘဲ ဆောင်ယူလျှင်၊ သို့တည်းမဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင်၊ ထိုအရွယ်မရောက်သေးသူကို၊ သို့တည်းမဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူသည် မည်၏။
လူခိုးမှုအတွက်ပြစ်ဒဏ်
ရာဇသတ်ကြီး ပုဒ်မ ၃၆၃။ ။ မည်သူမဆို၊ တဦးတယောက်သောသူအား၊ ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ဖြစ်စေ၊ ဥပဒေနှင့် အညီ အုပ်ထိန်းသူထံမှဖြစ်စေ ခိုးယူလျှင်၊ ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်။Incorrect
ရာဇသတ်ကြီး ပုဒ်မ ၃၆၁ ။ ။ မည်သူမဆို၊ ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ထိန်းသိမ်းခြင်းမှ အသက်ဆယ့်လေးနှစ်အောက် ယောင်္ကျားကလေးကိုဖြစ်စေ၊ အသက်ဆယ့်ရှစ်နှစ်အောက် မိန်းကလေးကိုဖြစ်စေ၊ စိတ်ပေါ့သွပ်သူကိုဖြစ်စေ ထိုအုပ်ထိန်းသူကသဘောမတူဘဲ ဆောင်ယူလျှင်၊ သို့တည်းမဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင်၊ ထိုအရွယ်မရောက်သေးသူကို၊ သို့တည်းမဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူသည် မည်၏။
လူခိုးမှုအတွက်ပြစ်ဒဏ်
ရာဇသတ်ကြီး ပုဒ်မ ၃၆၃။ ။ မည်သူမဆို၊ တဦးတယောက်သောသူအား၊ ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ဖြစ်စေ၊ ဥပဒေနှင့် အညီ အုပ်ထိန်းသူထံမှဖြစ်စေ ခိုးယူလျှင်၊ ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်။ -
Question 4 of 20
4. Question
1 pointsသေသူသည် လက်တွင် ကိုင်ထားသောဓါးနှင့် အယူခံတရားလိုကို လှမ်း၍ခုတ်ရာ တင်ပါး၌ ထိသွားသည်၊ အယူခံတရားလိုက နောက်ထပ် ခုတ်မည်စိုး၍ ရန်မမူနိုင်အောင် ဓါးဖြင့်ရမ်းကာ သေသူကို တချက်ထိုးလိုက်ရာ သေသူ၏ ရင်ဘက်၌ ထိသွား၍ သေဆုံးသွားခြင်းသည် ကာကွယ်ခုခံပိုင်ခွင့်အတွင်း
Correct
ရွာသို့ပြန်ဝင်လာရာတွင် ရွာမရောက်မီ အယူခံတရားလိုက ရှေ့က သေသူက နောက် လာကြရာတွင်၊ သေသူသည် အရက်အမူး မပြေသေးပေ။ သေသူသည် လက်တွင် ကိုင်ထားသောဓါးနှင့် တရားခံကို လှမ်း၍ခုတ်ရာ တင်ပါး၌ ထိသွားသည်၊ အယူခံတရားလိုက နောက်ထပ် ခုတ်မည်စိုး၍ ရန်မမူနိုင်အောင် တချက်တည်း ဓါးဖြင့်ရမ်း၍ ထိုးလိုက်ရာ သေသူ၏ ရင်ဘက်၌ ထိသွားသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ မိမိကိုယ်ကို မိမိကာကွယ်ခုခံပိုင်ခွင့် အရ ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆရန်အကြောင်းရှိသည်။ ထို့ကြောင့် ရာဇသတ်ကြီး ပုဒ်မ ၉၇ အရ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်အရ ပြုလုပ်ခြင်းသည် ပြစ်မှုမမြောက်။
မောင်ခွေး (ခ) မောင်ထွန်းကြည် (ခ) အရိုးတောင်နှင့် ပြည်ထောင်စု (၁၉၆၆ ၊ မတစ ၄၂၈)

Question 5 of 20
5. Question
1 pointsအန္တရာယ်ဖြစ်အောင် စတင်ပြုလုပ်သူ လက်နက်မဲ့နေသည့်အချိန်တွင် (ထိုသူ) ကို အပြင်းအထန် ဒဏ်ရာများဖြင့် သေစေခြင်းသည်
Correct
သေသူ၏ လက်ဝယ်မှ ရဲဒင်းကို လုယူလိုက်ပြီးနောက် မောင်တင်ရွှေသည် သေသူ၏လက်တွင် သေစေလောက်သည့် လက်နက်တစုံတရာမရှိတော့သည့်အခါ သေသူ၌ ဒဏ်ရာ (၈) ချက်ရသည်အထိ ပြုလုပ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်၍ ကာကွယ်ခုခံပိုင်ခွင့်ကို လိုသည်ထက် ပိုမိုသုံးစွဲခဲ့သည်ဟု ကောက်ယူရပေမည်။
ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်နှင့် မောင်တင်ရွှေ (၁၉၈၄ မတစ ၈၄)Incorrect
ကာကွယ်ခုခံပိုင်ခွင့်ကို လိုသည်ထက် ပိုမိုသုံးစွဲခဲ့သည်။
သေသူ၏ လက်ဝယ်မှ ရဲဒင်းကို လုယူလိုက်ပြီးနောက် မောင်တင်ရွှေသည် သေသူ၏လက်တွင် သေစေလောက်သည့် လက်နက်တစုံတရာမရှိတော့သည့်အခါ သေသူ၌ ဒဏ်ရာ (၈) ချက်ရသည်အထိ ပြုလုပ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်၍ ကာကွယ်ခုခံပိုင်ခွင့်ကို လိုသည်ထက် ပိုမိုသုံးစွဲခဲ့သည်ဟု ကောက်ယူရပေမည်။
ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်နှင့် မောင်တင်ရွှေ (၁၉၈၄ မတစ ၈၄) -
Question 6 of 20
6. Question
1 pointsတစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားရာတွင် ကာကွယ်ခုခံပိုင်ခွင့်
Correct
သိန်းတန်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်
၁၉၉၈ မတစ ၁၃၄Incorrect
မရှိပါ။
သိန်းတန်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်
၁၉၉၈ မတစ ၁၃၄ -
Question 7 of 20
7. Question
1 pointsခိုးရာပါပစ္စည်းကို ဝယ်ယူရာ၌ မရိုးမဖြောင့်သော သဘောရှိကြောင်း သက်သေခံချက်ရှိလျှင် ခိုးရာပါ ပစ္စည်း
Correct
ခိုးရာပါပစ္စည်း
ရာဇသတ်ကြီး ပုဒ်မ ၄၁၀ ။ ။ ခိုးယူခြင်းဖြင့်သော်၎င်း၊ ချောက်လှန့်တောင်းယူခြင်းဖြင့်သော်၎င်း၊ လုယက်ခြင်းဖြင့်သော်၎င်း၊ လက်ပြောင်းသွားသော ပစ္စည်းသည်၊ထို့ပြင်ရာဇဝတ်မကင်းသော အလွဲသုံးစားမှုပြုခြင်းခံရသော၊ သို့တည်းမဟုတ် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖေါက်ဖျက်မှု ကျူးလွန်ခြင်းခံရသောပစ္စည်းသည်၊ ထိုသို့လက်ပြောင်းခြင်းကို၊ သို့တည်းမဟုတ် အလွဲသုံးစားပြုခြင်းကို၊ သို့တည်းမဟုတ် ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှု ကျူးလွန်ခြင်း ကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ်စေ၊ ခံရသည်ဖြစ်လျှင်၊ ခိုးရာပါပစ္စည်းမည်၏။ သို့ရာတွင် ထိုပစ္စည်းသည် ဥပဒေအရလက်ရှိဖြစ်ထိုက်သူ၏ လက်သို့ နောင်ပြန်လည်ရောက်ရှိသည့်အခါ၊ ခိုးရာပါ ပစ္စည်းအဖြစ် မှရပ်စဲ၏။ခိုးရာပါပစ္စည်းကို မရိုးမဖြောင့်သောသဘောနှင့် လက်ခံခြင်း။
ရာဇသတ်ကြီး ပုဒ်မ ၄၁၁ ။ ။ မည်သူမဆို၊ ခိုးရာပါပစ္စည်းဖြစ်ကြောင်း သိလျက်နှင့်၊ သို့တည်းမဟုတ် ထိုသို့ယုံကြည်ရန် အကြောင်း ရှိလျက်နှင့် ထိုပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် လက်ခံခြင်းသော်၎င်း၊ ဆက်လက်ထားရှိခြင်းသော်၎င်း၊ ပြုလျှင်၊ သုံးနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။Incorrect
ခိုးရာပါပစ္စည်း
ရာဇသတ်ကြီး ပုဒ်မ ၄၁၀ ။ ။ ခိုးယူခြင်းဖြင့်သော်၎င်း၊ ချောက်လှန့်တောင်းယူခြင်းဖြင့်သော်၎င်း၊ လုယက်ခြင်းဖြင့်သော်၎င်း၊ လက်ပြောင်းသွားသော ပစ္စည်းသည်၊ထို့ပြင်ရာဇဝတ်မကင်းသော အလွဲသုံးစားမှုပြုခြင်းခံရသော၊ သို့တည်းမဟုတ် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖေါက်ဖျက်မှု ကျူးလွန်ခြင်းခံရသောပစ္စည်းသည်၊ ထိုသို့လက်ပြောင်းခြင်းကို၊ သို့တည်းမဟုတ် အလွဲသုံးစားပြုခြင်းကို၊ သို့တည်းမဟုတ် ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှု ကျူးလွန်ခြင်း ကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ်စေ၊ ခံရသည်ဖြစ်လျှင်၊ ခိုးရာပါပစ္စည်းမည်၏။ သို့ရာတွင် ထိုပစ္စည်းသည် ဥပဒေအရလက်ရှိဖြစ်ထိုက်သူ၏ လက်သို့ နောင်ပြန်လည်ရောက်ရှိသည့်အခါ၊ ခိုးရာပါ ပစ္စည်းအဖြစ် မှရပ်စဲ၏။ခိုးရာပါပစ္စည်းကို မရိုးမဖြောင့်သောသဘောနှင့် လက်ခံခြင်း။
ရာဇသတ်ကြီး ပုဒ်မ ၄၁၁ ။ ။ မည်သူမဆို၊ ခိုးရာပါပစ္စည်းဖြစ်ကြောင်း သိလျက်နှင့်၊ သို့တည်းမဟုတ် ထိုသို့ယုံကြည်ရန် အကြောင်း ရှိလျက်နှင့် ထိုပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် လက်ခံခြင်းသော်၎င်း၊ ဆက်လက်ထားရှိခြင်းသော်၎င်း၊ ပြုလျှင်၊ သုံးနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ -
Question 8 of 20
8. Question
1 pointsသက်သေခံပစ္စည်းသည် ခိုးရာပါပစ္စည်း သို့မဟုတ် အလွဲသုံးစားသော ပစ္စည်းဖြစ်နေလျှင် ပစ္စည်းဝယ်ယူသူက ပိုင်ဆိုင်ခွင့်
Correct
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၇၊ အရ တရားရုံးသည် သက်သေခံ ပစ္စည်းကို ပြန်ပေးသင့်သည်ဟု ယူဆသူအား ပြန်ပေးနိုင်သည်။ သက်သေခံပစ္စည်းသည် ခိုးရာပါပစ္စည်း သို့မဟုတ် အလွဲသုံးစားသော ပစ္စည်းဖြစ်နေလျှင် ယင်းပစ္စည်းကို ဝယ်ယူသူက ပိုင်ဆိုင်ခွင့် မရနိုင်ချေ။ သဘောရိုးနှင့် ဝယ်ယူကြောင်း ထင်ရှားလျှင် ခိုးရာပါပစ္စည်း လက်ခံမှုနှင့် အရေးယူခံရခြင်းမှ ကင်းလွတ်မည်ဖြစ်သော်လည်း ပစ္စည်းပြန်ရနိုင်ရန်အတွက် အရေးမဆိုနိုင်ချေ။
ဦးမောင်ကို နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် (ဒေါ်တင်အေး)
၁၉၇၅ မတစ ၇၇Incorrect
မရနိုင်ပါ။

၁၉၇၅ မတစ ၇၇ -
Question 9 of 20
9. Question
1 pointsပြစ်မှုမကင်းသော ကျော်နင်းမှုဖြင့် တရားစွဲဆိုသော အမှုမျိုးတွင် တရားစွဲဆိုသည့် အချိန်၌ ဥပစာကို မည်သူက __________ ဆိုသည့် အချက်ကို အဓိကထား၍ စဉ်းစားရမည်။
Correct
ရာဇဝတ်မကင်းသော ကျော်နင်းမှုများ။
ရာဇသတ်ကြီး ပုဒ်မ ၄၄၁ ။ ။ မည်သူမဆို၊ ပြစ်မှုကို ကျူးလွန်ရန်၊ သို့တည်းမဟုတ် ပစ္စည်းလက်ရှိဖြစ်သူ တဦးတယောက်ကို ချောက်လှန့်ရန်၊ သို့တည်းမဟုတ် စော်ကားရန်၊ သို့တည်းမဟုတ် စိတ်ငြိုငြင်စေရန်အကြံဖြင့် သူတပါး၏ လက်ရှိ ပစ္စည်းအတွင်းသို့ ဖြစ်စေ၊ အပေါ်သို့ဖြစ်စေ ဝင်ရောက်လျှင်၊ သို့တည်းမဟုတ် ထိုပစ္စည်းအတွင်းသို့ ဖြစ်စေ၊ အပေါ်သို့ဖြစ်စေ တရားသဖြင့်ဝင်ရောက်ပြီးသည့်နောက် ပစ္စည်းလက်ရှိဖြစ်သူကို ချောက်လှန့်ရန်၊ သို့တည်းမဟုတ် စော်ကားရန်၊ သို့တည်းမဟုတ် စိတ်ငြိုငြင်စေရန်၊ သို့တည်းမဟုတ် ပြစ်မှုကျူးလွန်ရန် အကြံဖြင့် ဥပဒေနှင့်ဆန့်ကျင်ကာ ထိုပစ္စည်း၌ဆက်လက်၍နေလျှင်၊ ထိုသူသည် “ရာဇဝတ်မကင်းသော ကျော်နင်းမှု” ကို ကျူးလွန်သည်မည်၏။ဦးမောင်မောင်နှင့် ပထစ ပါ ၂
၁၉၇၉ မတစ ၁၁၉Incorrect
လက်ရှိဖြစ်သည်

၁၉၇၉ မတစ ၁၁၉ -
Question 10 of 20
10. Question
1 pointsမည်သူမဆို ယစ်မျိုးအက်ဥပဒေကိုဖြစ်စေ၊ ယစ်မျိုးအက်ဥပဒေအရ ပြဌာန်းသည့်နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ သို့မဟုတ် အမိန့်တစ်စုံတစ်ရာကိုဖြစ်စေ၊ ယစ်မျိုးအက်ဥပဒေအရ ရရှိသည့် ခွင့်ပြုလိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်တစ်စုံတစ်ရာကိုဖြစ်စေ၊ ဆန့်ကျင်၍ ယစ်မျိုးသက်ဝင်ရာပစ္စည်းတစ်ရပ်ရပ်ကို နိုင်ငံခြားသို့တင်ပို့ခြင်း၊ နိုင်ငံတွင်းသို့တင်သွင်းခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုဆောင်းခြင်း၊ လက်ဝယ်ထားရှိခြင်းတို့ ပြုလုပ်ပါက ယစ်မျိုးအက်ဥပဒေ ပုဒ်မ ၃၀(က) အရ
Correct
မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ ပုဒ်မ ၃၀(က)
Incorrect
ထောင်ဒဏ်အနည်းဆုံး (၆) လကနေ အများဆုံး (၂) နှစ်အထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး (၁၀) သိန်းကနေ အများဆုံး (၂၀)သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်
မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ ပုဒ်မ ၃၀(က) -
Question 11 of 20
11. Question
1 pointsအများပြည်သူဆိုင်ရာနေရာတွင် ယာဉ်မောင်းလိုင်စင်၌ ခွင့်ပြုထားခြင်းမရှိသော မော်တော်ယာဉ်ကို မောင်းနှင်လျှင်
Correct
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ
ပုဒ်မ ၈၁ (ခ)(ခ) ယာဉ်မောင်းလိုင်စင်၌ ခွင့်ပြုထားခြင်းမရှိသော မော်တော်ယာဉ်ကို မောင်းနှင်ခြင်း မပြုရ သို့မဟုတ် မောင်းနှင်ခွင့်မပြုရ၊
ပုဒ်မ ၉၁
မည်သူမဆို-(က) ပုဒ်မ ၈၀ နှင့် ပုဒ်မ ၈၁ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုတစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
(ခ) ပုဒ်မခွဲ (က) အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပြီး တစ်နှစ်အတွင်း ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

Question 12 of 20
12. Question
1 pointsနိုင်ငံတော်၏ ပိုင်နက်ပင်လယ်သည် အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင် _______ မိုင်အထိ ကျပ်ဝန်းသည်။
Correct
မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များဥပဒေ ပုဒ်မ ၄
Incorrect
၁၂

Question 13 of 20
13. Question
1 pointsသက်ကြီးရွယ်အို ဆိုသည်မှာ အသက်______ နှစ်နှင့် အထက်ရှိသော မြန်မာနိုင်ငံသား အားလုံးကို ဆိုသည်။
Correct
သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ ပုဒ်မ ၂ (က)
Incorrect
၆၀

Question 14 of 20
14. Question
1 points၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အရ နိုင်ငံခြားကုမ္ပဏီ ဆိုသည်မှာ ပြည်ပကော်ပိုရေးရှင်း သို့မဟုတ် အခြားနိုင်ငံခြားသား တစ်ဦးဦး သို့မဟုတ် ၎င်းတို့ပေါင်းစည်းလျက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ပိုင်ဆိုင်မှုပမာဏ______ ရာခိုင်နှုန်းအထက် ပိုမိုသည့် ပိုင်ဆိုင်မှု အကျိုးခံစားခွင့် တစ်ရပ်ရှိသော နိုင်ငံတော်၌ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီကိုဆိုသည်။
Correct
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၁။ (ဂ) (၁၄) နိုင်ငံခြားကုမ္ပဏီ ဆိုသည်မှာ ပြည်ပကော်ပိုရေးရှင်း သို့မဟုတ် အခြားနိုင်ငံခြားသား တစ်ဦးဦး သို့မဟုတ် ၎င်းတို့ပေါင်းစည်းလျက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ပိုင်ဆိုင်မှု ပမာဏ ၃၅ ရာခိုင်နှုန်း အထက် ပိုမိုသည့်ပိုင်ဆိုင်မှု အကျိုးခံစားခွင့်တစ်ရပ်ရှိသော နိုင်ငံတော်၌ ဖွဲ့စည်းတည် ထောင်ထားသည့် ကုမ္ပဏီကိုဆိုသည်။

Question 15 of 20
15. Question
1 pointsဗီဒီယိုဆင်ဆာအဖွဲ့၏ ခွင့်ပြုချက်မရှိသော ဆင်ဆာမဲ့ အခွေများအား ရောင်းချပါက
Correct
ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေ
ပုဒ်မ ၃၂။ မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်တစ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်-(က) ဗီဒီယိုလုပ်ငန်းလိုင်စင်မရှိဘဲ စီးပွားရေးအလို့ငှာ ဗီဒီယိုလုပ်ငန်းကိုလုပ်ကိုင်ခြင်း၊
(ခ) ဤဥပဒေအရ ကင်းလွတ်ခွင့်ပြုသော ကိစ္စရပ်မှအပ ဗီဒီယိုဆင်ဆာလက်မှတ်နှင့် ခွင့်ပြုအမှတ်စဉ်ပါရှိသော ဗီဒီယို ဆင်ဆာလက် မှတ် အသေးမပါရှိသည့် ဗီဒီယိုတိပ်ခွေကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း၊
(ဂ) ဗီဒီယိုဆင်ဆာအဖွဲ့က ဖြတ်တောက်ရန်၊ ပြုပြင်ရန် သို့မဟုတ် ဖျက်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမပြုဘဲ ဗီဒီယိုတိပ်ခွေကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြသခြင်း၊
(ဃ) ပြည်ပမှတင်သွင်းလာသော သို့မဟုတ် ယူဆောင်လာသော ဗီဒီယိုတိပ်ခွေကို ဗီဒီယိုဆင်ဆာလက်မှတ်မရှိဘဲ အများပြည်သူအား ပြသခြင်း ၊
(င) မိသားစုကြည့်ရှုရန်သာ ခွင့်ပြုသည့် ပြည်ပမှ တင်သွင်းလာသော သို့မဟုတ် ယူဆောင်လာသော ဗီဒီယိုတိပ်ခွေကို အများပြည်သူ အားပြသခြင်း။

Question 16 of 20
16. Question
1 pointsလစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် ______ သိန်း အထက် ရရှိသူ ဖြစ်လျှင် ရရှိသည့် လစာဝင်ငွေ စုစုပေါင်းအပေါ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရမည်။
Correct
၂၀၂၀ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေ ပုဒ်မ ၁၉ (ခ)
Incorrect
၄၈
၂၀၂၀ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေ ပုဒ်မ ၁၉ (ခ) -
Question 17 of 20
17. Question
1 pointsဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလျှင် ထိုသူအား ___________ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
Correct
ထိုသူအား နှစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆

Question 18 of 20
18. Question
1 pointsဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဃ) ပါ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား အသရေဖျက်ခြင်း ပြုကြောင်း သက်ဆိုင်ရာ___________ ကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ ကိုစား လွှဲအပ်ခြင်းခံရသူကဖြစ်စေ တိုင်တန်းချက်မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရ။
Correct
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၀ (ဂ)
Incorrect
နစ်နာသူ
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၀ (ဂ) -
Question 19 of 20
19. Question
1 pointsဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရ ဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြားခြင်း သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းလျှင် ထိုသူကို ___________ နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
Correct
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ
ပုဒ်မ ၁၂။ မည်သူမျှ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရ ဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြားမှုမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်း မပြုရ။
ပုဒ်မ ၁၃။ မည်သူမဆို ပုဒ်မ ၁၀ သို့မဟုတ် ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်းခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
Incorrect
ခုနှစ်

Question 20 of 20
20. Question
1 pointsမည်သူမျှ ခွင့်ပြုချက်မရှိဘဲ ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်းကစားနည်းတစ်ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီ လျှင် ထိုသူကို အနည်းဆုံး____________ နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
Correct
လောင်းကစားဥပဒေ
ပုဒ်မ ၁၁။ မည်သူမျှ ခွင့်ပြုချက်မရှိဘဲ အောက်ပါတို့ကို မပြုရ –(က) ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်းကစားနည်းတစ်ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊
(ခ) ကာစီနိုကို တည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ် ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း။
ပုဒ်မ ၁၈။ မည်သူမဆို –
(က) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်း အထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
(ခ) ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်း အထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံး ဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
Incorrect
တစ် နှစ်